Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 12:43

Common Language Bible

ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​ဝင် လှူ​ဒါန်း​ကြ​သော​သူ​အ​ပေါင်း​တို့​ထက် ပို​၍ ထည့်​ဝင်​လှူ​ဒါန်း​လေ​ပြီ​ဟု​သင်​တို့​အား အ​မှန်​အ​ကန်​ငါ​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''

ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း​လာ ၍ ဆယ်​ပြား​ခန့်​တန်​သော​ကြေး​ပြား​နှစ်​ပြား​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​၏။-

ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​များ​ကို လှူ​ကြ​ပေ​သည်။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပေး​လှူ သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။

တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-

သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။

ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ