ရှင်မာကု 12:36Common Language Bible`သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။ သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏' ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။
ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-