Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 12:32

Common Language Bible

ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။

ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပြု​ပြင် ဖန်​ဆင်း​တော်​မူ​၍၊ခိုင်​ခန့်​တည်​မြဲ​စေ​တော်​မူ​၏။ ယင်း​ကို​ကိုယ်​တော်​သည်​လူ​သူ​ကင်း​မဲ့​ရာ​နေ​ရာ အ​ဖြစ်​ဖြင့်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​ဖြစ်​ဖြင့်​ဖန်​ဆင်း တော်​မူ​ပေ​သည်။ ကိုယ်​တော်​ကား``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။

သ​ခင်​ယေ​ရှု​က `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ဘုရား ဖြစ်​တော်​မူ​၏။-

ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-

`` `ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။-

``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဤ​အ​ချက် ကို​မ​မေ့​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် ငါ​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ