Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 12:28

Common Language Bible

ယင်း​သို့​သ​ခင်​ယေ​ရှု​နှင့်​ဇဒ္ဒု​ကဲ​တို့​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​စဉ် ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည် အ​နီး​အ​ပါး​၌​ရှိ​နေ​၏။ သူ​တို့​အား​သ​ခင်​ယေ​ရှု လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​ကြား သ​ဖြင့် ရှေ့​တော်​သို့​လာ​၍​ကိုယ်​တော်​အား ``ပ​ညတ် ရှိ​သ​မျှ​တို့​တွင်​အ​ဘယ်​ပ​ညတ်​သည်​အ​ကြီး​မြတ် ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က ``အ​ဘယ်​ပ​ညတ်​များ​ပါ​နည်း'' ဟု​လျှောက် လျှင်​ကိုယ်​တော်​က ``လူ့​အ​သက်​ကို​မသတ်​နှင့်။ သူ့​အိမ် ရာ​ကို​မ​ပြစ်​မှား​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။-

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-

အ​သေး​ငယ်​ဆုံး​သော​ပ​ညတ်​ကို​ကူး​လွန်​၍ သူ​တစ်​ပါး​တို့​ကူး​လွန်​ရန်​ကို​လည်း​ဟော​ပြော သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​သိမ် ငယ်​ဆုံး​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင်​ပညတ်​တော် များ​ကို​လိုက်​နာ​ကျင့်​သုံး​၍ သူ​တစ်​ပါး​တို့​လိုက်​နာ ကျင့်​သုံး​ရန်​ကို​လည်း​ဟော​ပြော​သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​ကြီး​မြတ်​သူ​ဖြစ်​လိမ့် မည်။-

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။-

``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''

ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည်​ထပ်​မံ​၍ ကိုယ်​တော်​အား​မ​မေး​မ​လျှောက်​ဝံ့​ကြ။ သူ တို့​သည် ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ​သော စ​ကား​တို့​သည်​လျောက်​ပတ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ