Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 11:33

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။

ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

ငါ​၏​လူ​မျိုး​တို့​သည်​ငါ့​ကို​အ​သိ​အ​မှတ် မ​ပြု​သော​ကြောင့် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ကို​အ​သိ​အ​မှတ်​မ​ပြု​ဘဲ ငါ​၏​သြ​ဝါ​ဒ ကို​လည်း​လက်​မ​ခံ​ကြ​သော​ကြောင့် ငါ​သည် သင်​တို့​ကို​ပစ်​ပယ်​ပြီ။ သင်​တို့​၏​သား​များ ကို​လည်း​ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​မည်​မ​ဟုတ်။

သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-

ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-

သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။-

ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။

ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။-

ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ