Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 11:13

Common Language Bible

အ​ရွက်​ဝေ​ဆာ​လျက်​ရှိ​သော​သင်္ဘော​သ​ဖန်း​ပင် ကို​အ​ဝေး​က​မြင်​တော်​မူ​လျှင် အ​သီး​တွေ့​လို တွေ့​ငြား​အ​ပင်​အ​နီး​သို့​ချဉ်း​ကပ်​တော်​မူ​၏။ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​၍​အ​ပင်​ပေါ်​တွင် အ​ရွက်​များ​သာ​တွေ့​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။

ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။

လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့ သည် ဗေ​သ​နိ​ရွာ​မှ​ပြန်​လာ​ကြ​စဉ်​ကိုယ်​တော် သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-

ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။

ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-

သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။

လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ