Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 11:10

Common Language Bible

တည်​လ​တ္တံ့​သော​ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော် သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု ကြွေး​ကြော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ထက်​ဘ​ဝဂ်​ဝယ်​နေ​ထိုင်​သူ​တို့၊ကောင်း​ကင် ဘုံ​မှ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။

အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ