ထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်း ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည်နှစ် ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။-
ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။
ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ မခွာစေနှင့်'' ဟုမိန့်တော်မူ၏။
ပြည့်တန်ဆာမနှင့်ဆက်ဆံသောသူသည် ပြည့် တန်ဆာမနှင့်တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကိုသင်တို့မသိကြသလော။ ကျမ်း စာတော်က ``ထိုသူနှစ်ယောက်တို့သည်တစ် သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်'' ဟု ဆိုပေသည်။-
လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။-