Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:47

Common Language Bible

သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။

အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။

လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။

ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။

နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။

သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။

လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။

ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။

အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။

ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။

ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊-

နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။

ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-

အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။-

ထို​သူ​တို့​က ``သင်​သည်​လည်း​ဂါ​လိ​လဲ​ပြည် သား​ပေ​လော။ ကျမ်း​စာ​တော်​ကို​လေ့​လာ​ကြည့် ပါ​လျှင်​ဂါ​လိ​လဲ​ပြည်​မှ​အ​ဘယ်​ပ​ရော​ဖက် မျှ​မ​ပေါ်​ထွန်း​သည်​ကို​သင်​သိ​ရ​လိမ့်​မည်'' ဟု ဆို​ကြ​၏။

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​၍ အ​ကျွန်ုပ်​တို့​အား​မော​ရှေ​ပေး​အပ်​ခဲ့ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ကို​ပြောင်း​လဲ​စေ လိမ့်​မည်​ဖြစ်​ကြောင်း ထို​သူ​ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ကြ​ပါ​၏'' ဟု​ထွက်​ဆို ကြ​၏။-

``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ