Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:37

Common Language Bible

သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။

အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။

သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-

``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-

ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-

ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။-

ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ