Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:32

Common Language Bible

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက်​နေ ကြ​စဉ် ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ရှေ့​က ကြွ​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​၏။ နောက်​တော်​မှ​လိုက်​လာ သော​လူ​တို့​သည်​လည်း ကြောက်​လန့်​လျက်​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​ကို မ​လှမ်း​မ​ကမ်း​သို့​တစ်​ဖန်​ခေါ်​သွား​တော်​မူ​ပြီး လျှင် မိ​မိ​တွေ့​ကြုံ​ရ​မည့်​အ​မှု​အ​ရာ​များ​ကို ဖော်​ပြ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-

ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။-

လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။

ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ဘက်​သို့ လှည့်​၍ ``ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို​သင် တို့​မြင်​သော​ကြောင့်​သင်​တို့​မျက်​စိ​သည်​မင်္ဂ​လာ ရှိ​၏။-

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။-

ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ရန်​အ​ချိန်​နီး​လာ သော​အ​ခါ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​ရန်​စိတ်​ပိုင်း​ဖြတ်​လျက်-

(အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သည့်) သော​မ​က ``ငါ တို့​သည်​လည်း​သ​ခင်​နှင့်​အ​တူ​အ​သေ​ခံ​ရန် လိုက်​သွား​ကြ​ကုန်​အံ့'' ဟု​မိ​မိ​၏​အ​ဖော် တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။

တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ လူ​တို့​သည် ကိုယ်​တော်​အား​မ​ကြာ​မီ​က​ပင်​ခဲ​နှင့်​ပေါက် ရန်​ကြိုး​စား​ကြ​ပါ​၏။ ထို​အ​ရပ်​သို့​တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော'' ဟု​မေး​လျှောက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ