Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:29

Common Language Bible

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။

သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-

ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

မိ​မိ​၏​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည် အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​အ​တွက်​အ​သက် ဆုံး​ရှုံး​ရ​သူ​သည် မိ​မိ​၏​အ​သက်​ကို​ကယ် ဆယ်​လိမ့်​မည်။-

ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊-

သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-

သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ