Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:45

Common Language Bible

ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော ထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။

စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။

ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။

သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။

ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။-

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။-

ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။-

သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-

ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ