Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 9:7

Common Language Bible

ထို့​အ​ပြင်​အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ​အား လုံး​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ် မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​က``သင်​သည်​ဣဇက် အား​ဖြင့်​သာ​လျှင်​သား​မြေး​များ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-

အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။-

နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဣ​ဇာက်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ရ​ဖွား​မြင် သော​သား​သ​မီး​များ​ဖြစ်​ကြ​၏။-

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ