Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 9:28

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင် ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။

လော​က​ကို​တ​ရား​သ​ဖြင့်​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​အ​ပေါင်း​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်မူ​၏။

ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း တစ်​ပြည်​လုံး​ကို အ​မှန်​ပင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ လိမ့်​မည်။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။

သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။-

ထို​ကာ​လ​၌​အ​လွန်​ဆိုး​ရွား​သော​ဆင်း​ရဲ​ဒုက္ခ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​မျှ​ဆိုး​ရွား​သော​ဆင်း​ရဲ ဒုက္ခ​မျိုး​ကို​ကမ္ဘာ​ဦး​မှ​စ​၍​အ​ဘယ်​ကာ​လ​၌ မျှ​လူ​တို့​မ​ကြုံ​စ​ဖူး၊ နောင်​ကာ​လ​၌​လည်း တွေ့​ကြုံ​ရ​ကြ​မည်​မ​ဟုတ်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။

ထို​နောက်​ကောင်း​ကင်​ဘုံ​ပွင့်​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ ထို​အ​ရပ်​တွင်​မြင်း​ဖြူ​တစ်​စီး​ရှိ​၏။ ထို မြင်း​ကို​စီး​သူ​သည်​သစ္စာ​သမ္မာ​ဟူ​၍​နာ​မည်​တွင်​၏။ ထို​အ​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တတ်​၏။ တ​ရား​သ​ဖြင့်​စစ်​တိုက်​တတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ