ရောမ 9:26Common Language Bibleမည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။- အခန်းကိုကြည့်ပါ။ |
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။