Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 9:16

Common Language Bible

ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း ရန်​အ​သင့်​ရှိ​သော်​လည်း သူ​တို့​သည်​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​ကြ။ ငါ​သည်​သူ​တို့​ရှာ​လျှင် တွေ့​မြင်​နိုင်​ရန်​အ​သင့်​စောင့်​၍​နေ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​ရှာ​ရန်​ပင်​မ​ကြိုး​စား​ကြ။ ငါ​သည်​ဤ​အ​ရပ်​တွင်​ရှိ​၏။ ငါ​သည်​ကူ​မ​မည် ဟု​ဖြေ​ကြား​ရန်​အ​သင့်​ရှိ​သော်​လည်း၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​မ​ပြု​ကြ။-

ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။

ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။-

ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။

လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​သော်​သူ​တို့​မ​ဖွား​မီ၊ အ​ဆိုး​အ​ကောင်း​ကို မ​ပြု​မ​ကျင့်​နိုင်​မီ​က​ပင်​လျှင် ဘု​ရား​သ​ခင် သည်​ရေ​ဗက္က​အား``သင်​၏​သား​ကြီး​သည်​သား ငယ်​၏​အ​စေ​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဘု​ရား​သ​ခင်​ဤ​သို့​မိန့်​တော်​မူ​ခြင်း မှာ​ကိုယ်​တော်​သည် မိ​မိ​အ​ကြံ​အ​စည်​ကို ဖော်​ပြ​ရန်​ဖြစ်​ပေ​သည်။ ယင်း​သို့​ရွေး​ကောက် တော်​မူ​ရာ​၌​အ​ကျင့်​အ​ပေါ်​တွင်​တည်​သည် မ​ဟုတ်၊ ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​ခြင်း အ​ပေါ်​၌​တည်​ပေ​သည်။-

ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-

သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-

ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ