Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 8:4

Common Language Bible

ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-

အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-

သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။

ငါ​တို့​သည်​လော​ကီ​အ​ကျိုး​ကို​မြော်​ကိုး​၍ ဆောင်​ရွက်​သူ​များ​ဖြစ်​သည်​ဟု​စွပ်​စွဲ​ဝေ​ဖန် ကြ​သော​သူ​တို့​အား ငါ​သည်​မိ​မိ​၏​ရဲ​စွမ်း သတ္တိ​ကို​ငါ​ပြ​နိုင်​ကြောင်း​ကို​သိ​စေ​လို​၏။ သို့ ဖြစ်​၍​သင်​တို့​ထံ​သို့​ငါ​ရောက်​ရှိ​လာ​သော အ​ခါ ထို​ရဲ​စွမ်း​သတ္တိ​ကို​ပြ​ရ​သည့်​အ​ဖြစ် နှင့်​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်။-

ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။-

ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။-

သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-

သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-

ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-

သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-

သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ လိမ်​လည်​၍ မ​ပြော​တတ်။ အ​ပြစ်​ကင်း​စင်​သူ​များ​ဖြစ် ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ