Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 8:25

Common Language Bible

သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။

သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။

သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-

အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-

သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက် နိုင်​ရန်​နှင့် က​တိ​တော်​နှင့်​အ​ညီ​ခံ​စား​နိုင်​ရန် သင်​တို့​သည်​သည်း​ခံ​စိတ်​ရှိ​ရ​မည်။

အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။

အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။-

ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-

အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။

ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ