ရောမ 8:20Common Language Bibleဘုရားသခင်သည်ထိုအဖန်ဆင်းခံကမ္ဘာ လောကကိုအနတ္တဖြစ်စေရန်အပြစ်ဒဏ် စီရင်တော်မူ၏။ ထိုသို့ဖြစ်စေခြင်းမှာကမ္ဘာ လောက၏အလိုဆန္ဒကြောင့်မဟုတ်။ ဘုရား သခင်၏စီရင်ဆုံးဖြတ်တော်မူချက်ကြောင့် ဖြစ်၏။ သို့ရာတွင်မျှော်လင့်ချက်ရှိ၏။- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
အဘယ်ကြောင့်ဆိုသော်ငါတို့သည်မျှော်လင့် ခြင်းအားဖြင့် ကယ်တင်ခြင်းကိုခံရကြသော ကြောင့်ဖြစ်၏။ ငါတို့သည်မိမိတို့မျှော်လင့် သည့်အရာကိုမမြင်နိုင်ကြ။ မြင်နိုင်ကြပါ မူငါတို့၏မျှော်လင့်ခြင်းသည်အကယ်ပင် မျှော်လင့်ခြင်းမဟုတ်။ မြင်ရသောအရာကို အဘယ်သူသည်မျှော်လင့်မည်နည်း။-