ရောမ 7:3Common Language Bibleသို့ဖြစ်၍သူသည်မိမိခင်ပွန်းအသက်ရှင်လျက် ရှိစဉ်အခြားလူတစ်ယောက်နှင့်ပေါင်းသင်းနေ ထိုင်ပါမူ မျောက်မထားသူဟုအခေါ်ခံရမည် ဖြစ်သော်လည်း ခင်ပွန်းသေဆုံးလျှင်မူကား တရားဥပဒေနှင့်ကင်းလွတ်သွားပြီဖြစ်၍ အခြားလူတစ်ယောက်နှင့်ထိမ်းမြားစုံဖက်လျှင် မျောက်မထားသူမဖြစ်တော့ပေ။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-