ရောမ 7:24Common Language Bibleသြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။- အခန်းကိုကြည့်ပါ။ |
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။