ထို့ကြောင့်ငါပြုသောအမှုကိုပြုသောသူသည် စင်စစ်အားဖြင့်ငါမဟုတ်၊ ငါ၏စိတ်နှလုံး အတွင်း၌ရှင်သန်လျက်ရှိသည့်အပြစ်တရား ပင်ဖြစ်ပေသည်။-
ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။-
မိမိမကျင့်လိုသောအကျင့်ကိုကျင့်သောသူ ကားငါမဟုတ်၊ ငါ၏စိတ်နှလုံးအတွင်း၌ရှင် သန်လျက်ရှိသောအပြစ်တရားပင်ဖြစ်၏။
သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။