Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 7:11

Common Language Bible

အ​ပြစ်​တရား​သည်​အ​ခွင့်​ရ​ကာ​ပ​ညတ်​တော် အား​ဖြင့် ငါ့​ကို​လှည့်​စား​၍​ငါ့​အား​သေ​စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။

သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။

``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။ သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊ သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊ `ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။

ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။

သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။

အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-

သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-

သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-

တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။-

လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ