ရောမ 6:23Common Language Bibleအပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။ အခန်းကိုကြည့်ပါ။ |
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။
လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-