Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 6:18

Common Language Bible

သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​၏​မိ​ခင်​နည်း​တူ​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သေ ဘေး​မှ ကယ်​တော်​မူ​ပါ​ပြီ။

ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သြ​ဝါ​ဒ မား​ကို ကြိုး​စား​၍​လိုက်​နာ​သ​ဖြင့် လွတ်​လပ်​မှု​အ​ပြည့်​အ​ဝ​ဖြင့်​သွား​လာ​နေ​ထိုင် ရ​ပါ​လိမ့်​မည်။

ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။

သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊

သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-

အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။

သို့​သော်​သင်​တို့​သည်​ယ​ခု​အ​ခါ​အ​ပြစ် တ​ရား​၏​လက်​မှ​လွတ်​မြောက်​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ကျွန်​များ​ဖြစ်​လာ​ကြ​ပေ​ပြီ။ သင် တို့​ရ​ရှိ​သည့်​အ​ကျိုး​ကား​ကိုယ်​တော်​၏​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​အ​ကြွင်း​မဲ့​ဆက်​ကပ်​ခြင်း ဖြစ်​သည်။ အ​ဆုံး​၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ ခြင်း​ပင်​ဖြစ်​သည်။-

ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။-

အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-

ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။

သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ