Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 5:16

Common Language Bible

ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-

သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''

``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

သို့​ဖြစ်​၍​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​ပြစ် ဒဏ်​စီ​ရင်​ခြင်း​နှင့်​ယ​ခု​ကင်း​လွတ်​ကြ​၏။-

သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-

ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ