လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။-
ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင် အဘယ်သူသည်ကိုယ်တော်အားကျေးဇူးပြုဖူး သနည်း'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
ကိုယ်တော်သည်ထိုသူတို့အားကျေးဇူးတော် ကိုအခြေခံ၍ရွေးကောက်တော်မူ၏။ သူတို့ ၏အကျင့်ကိုအခြေခံ၍ရွေးကောက်တော် မူသည်မဟုတ်။ အကယ်၍ဘုရားသခင်၏ ရွေးကောက်တော်မူခြင်းသည် လူ့အကျင့်ကို အခြေခံလျှင်ကိုယ်တော်၏ကျေးဇူးတော် သည်အစစ်အမှန်မဟုတ်။
လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။-
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။-