ရောမ 4:20Common Language Bibleသူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။- အခန်းကိုကြည့်ပါ။ |
မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။
အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။