ရောမ 2:27Common Language Bibleသင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-