Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 16:19

Common Language Bible

သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင် ကျင့်​ကြံ​ပါ​မည်။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​မှ​ကျွန်​တော်​မျိုး ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အိမ်​တွင်​ဖြူ​စင်​သည့် စိတ်​သ​ဘော​ထား​ဖြင့်​ကျင့်​ကြံ​ပြု​မူ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-

သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-

ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။

သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။-

သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ