Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 16:10

Common Language Bible

အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။

ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင် ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ပြစ်​ကိ​လ​နှင့် အာ​ကု​လ​တို့​အား​နှုတ်​ဆက်​ကြ​လော့။-

အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။

သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။

(သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)

ခရစ်​တော်​၏​တ​ပည့်​တော်​တစ်​ဦး​သည်​လွန်​ခဲ့ သော​တစ်​ဆယ့်​လေး​နှစ်​က​ကောင်း​ကင်​ဘုံ တ​တိ​ယ​အ​ဆင့်​သို့​တိုင်​အောင်​ချီ​ဆောင် ခြင်း​ကို​ခံ​ရ​သည်​ကို​ငါ​သိ​၏။ (ဤ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​သည်​မှာ​တ​ကယ့်​ဖြစ် ပျက်​သ​လား၊ သို့​မ​ဟုတ်​ရူ​ပါ​ရုံ​လား​ငါ မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ​တော်​မူ​၏။-)

ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-

ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။-

သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-

တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-

သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။-

ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ​၍​သြ​နေ​သိ​ဖော် ၏​အိမ်​ထောင်​စု​အား​နှုတ်​ဆက်​လိုက်​၏။-

ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ခံ​ရ​ခြင်း မှာ​ဘု​ရား​သ​ခင်​အား​အ​ကယ်​ပင်​သင်​တို့ ယုံ​ကြည်​ကိုး​စား​မှု​ရှိ​မ​ရှိ​ကို​စစ်​ဆေး​ရန် ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ရွှေ​ကို ပင်​လျှင် အ​ရည်​ကျို​၍​စစ်​တမ်း​တင်​ရ​သည် ဖြစ်​ရာ​ရွှေ​ထက်​များ​စွာ​ပို​မို​အ​ဖိုး​ထိုက် သည့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လည်း တည်​တံ့​ခိုင်​မြဲ​စေ​ရန်​စစ်​တမ်း​တင်​ရ​မည်။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​ချိန်​၌​ဂုဏ်​ပြု​ချီး ကူး​ခြင်း​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ နိုင်​ကြ​ပေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ