Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 15:7

Common Language Bible

ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-

ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

ဖာ​ရိ​ရှဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​က ``ဤ သူ​သည်​အ​ပြစ်​ကူး​သူ​များ​အား​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား'' ဟု​ညည်း​တွား​ပြော​ဆို​ကြ​၏။-

ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-

ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-

ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-

သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။

ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊-

သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ