Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 14:7

Common Language Bible

ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​ပြည် လုံး​တွင်​ရှိ​သ​မျှ​သော​အိုး​တို့​ကို​လည်း သန့်​ရှင်း​မြင့်​မြတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​တွင်​အ​သုံး​ပြု​ရန်​အ​တွက် သီး​သန့်​ထား ရှိ​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် အ​ဘယ် သို့​သော​ရောင်း​ဝယ်​သူ​တစ်​ဦး​တစ်​ယောက် မျှ​ရှိ​တော့​မည်​မ​ဟုတ်။ ပ​ရော​ဖက်​ဇာ​ခ​ရိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊-

ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။

ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-

ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ