Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 13:4

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။

သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။-

ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။

ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။

ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။

တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။

သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

ဝ​ဝ​လင်​လင်​စား​သောက်​ရ​၍​ဆူ​ဖြိုး​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မ​ကောင်း​မှု​များ​ကို​အ​တော​မ​သတ်​ပြု​ကျင့်​ကြ​၏။ မိ​ဘ​မဲ့​သူ​တို့​အား​ရ​ပိုင်​ခွင့်​များ​ကို​မ​ပေး​ကြ။ ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​လည်း​တ​ရား​မျှ​တ​မှု​ကို​မ​ပြု​ကြ။

အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-

ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​ချုပ်​သူ​အ​ကြီး အ​ကဲ​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​ခြင်း​ကို​မုန်း​၍ အ​မှန်​ကို​အ​မှား​ဖြစ်​စေ​ကြ​၏။-

မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-

ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။-

ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-

လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။

ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ