Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 13:2

Common Language Bible

မည်​သူ​မ​ဆို​အာ​ဏာ​ရ​အ​စိုး​ရ​မင်း​ကို ဆန့်​ကျင်​ဘက်​ပြု​သူ​သည် ဘု​ရား​သ​ခင်​စီ​မံ ခန့်​ခွဲ​တော်​မူ​ချက်​ကို​ဆန့်​ကျင်​ဘက်​ပြု​သူ ဖြစ်​၏။ ထို​သူ​သည်​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။

သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။

မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း ယူ​ပြီး​လျှင်​လူ​အ​ထင်​ကြီး​စေ​ရန်​ရှည်​လျား စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​ကြ​၏။ သူ​တို့ သည်​ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။-

အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။

``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-

တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-

ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​သော​ငါ​တို့​သည် အ​ခြား​သူ​များ​ထက်​ပို​၍​ကျပ်​တည်း​စွာ​စစ် ဆေး​စီ​ရင်​ခြင်း​ခံ​ရ​ကြ​မည်​ကို​သိ​မှတ် ကြ​လျက်​သင်​တို့​တွင်​ဆ​ရာ​ဖြစ်​လို​သူ မ​များ​စေ​နှင့်။-

သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ