ရောမ 13:12Common Language Bibleညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။- အခန်းကိုကြည့်ပါ။ |
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
ဤအရာအားလုံးတို့သည်ဤသို့ပျက်စီး သွားရမည်ဆိုပါမူ သင်တို့သည်အဘယ် သို့သောသူများဖြစ်သင့်ကြသနည်း။ သင် တို့သည်ဘုရားသခင်၏နေ့ရက်ကိုစောင့် မျှော်၍ ထိုနေ့ရက်အမြန်ကျရောက်လာ စေရန်ကြိုးစားအားထုတ်လျက်နေကြစဉ် မိမိတို့ကိုယ်ကိုဖြူစင်သန့်ရှင်းစေပြီး လျှင်ဘုရားသခင်အားဆက်ကပ်သင့်ကြ ၏။ ထိုနေ့ရက်၌မိုးကောင်းကင်သည်မီးသင့် လောင်ကျွမ်း၍ပျက်စီးလိမ့်မည်။ ကြယ်တာ ရာများသည်လည်းအပူကြောင့်အရည် ပျော်ကြလိမ့်မည်။-
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-