ထို့အပြင်ဒါဝိဒ်မင်းက၊ ``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။
မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သော အပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။ သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
ငါသည်မီးဖွားချိန်တန်လျက် ဖွားမြင်ခွင့်မ ရနိုင်သည့်ကလေးကဲ့သို့ဖြစ်စေလိမ့်မည်ဟု သင်တို့မထင်မမှတ်ကြနှင့်ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူ သည့်စကားပင်ဖြစ်သတည်း။
ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။-
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသောတရားတော်သည်မှန်ကန်သော တရားတော်ဖြစ်သဖြင့် ထိုတရားတော်ကို မလိုက်လျှောက်၊ မနာခံသူမှန်သမျှသည် ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းကို ခံကြရသည်မှန်ပါက၊-