Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 11:21

Common Language Bible

ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-

လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-

သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-

သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-

ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-

မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ