Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 11:18

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။

မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။

ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။-

ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။-

ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-

သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-

သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-

သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-

မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-

သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ