Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 10:21

Common Language Bible

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။

ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-

ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​က​တိ​ထား​ခဲ့​သည့်​ဘေး အန္တ​ရာယ်​ဆိုး​ကို​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ငါ​ပြော​သော​အ​ခါ​နား​မ​ထောင်၊ ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ​သော​ကြောင့် ဖြစ်​၏​ဟု​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-

သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-

``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-

သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။

အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ