ရောမ 10:10Common Language Bibleအဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-