ရောမ 1:24Common Language Bibleထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-