Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 1:13

Common Language Bible

ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။-

သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-

ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-

အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-

ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။-

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

ပေါ​လု​သည်​ထို​သူ​တို့​အား​နှုတ်​ဆက်​ပြီး​နောက် မိ​မိ​မှ​တစ်​ဆင့် လူ​မျိုး​ခြား​တို့​အား​ဘု​ရား သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​ကို​တင်​ပြ​၏။-

ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-

တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။-

ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-

အ​ခြား​သူ​များ​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လက်​မ​ခံ​ကြ​စေ​ကာ​မူ သင်​တို့ လက်​ခံ​ကြ​သည်​မ​ဟုတ်​ပါ​လော။ ငါ​သည် သ​ခင်​ဘု​ရား​၏​တ​မန်​တော်​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်​မှာ သ​ခင်​ဘု​ရား​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ရှိ​ပြီး​အ​သက်​ရှင်​ကြ သော​သင်​တို့​ပင်​ဖြစ်​ပေ​သည်။

ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-

ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။

သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။-

ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။-

သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-

သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-

ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-

ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-

လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။-

သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ