Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 4:6

Common Language Bible

ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယု​ဒ​သည်​သား​သြ​နန်​အား``သင် သည်​အစ်​ကို​၏​ဇ​နီး​အား​မတ်​တစ်​ယောက် အ​နေ​ဖြင့်​တာ​ဝန်​ရှိ​သူ​ဖြစ်​သော​ကြောင့် သူ နှင့်​အိမ်​ထောင်​ပြု​၍​အစ်​ကို​အ​တွက်​မျိုး​ဆက် ပွား​စေ​လော့'' ဟု​ဆို​လေ​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-

အ​ကယ်​၍​ညီ​သည်​သေ​ဆုံး​သူ​အစ်​ကို​၏ ဇ​နီး​နှင့်​မ​စုံ​ဖက်​လို​လျှင် မိန်း​မ​သည်​မြို့ အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား​၍`ကျွန်​မ​မတ် ဖြစ်​သူ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင် အစ်​ကို ၏​မိသား​စု​မျိုး​ဆက်​ကျန်​ရစ်​ရန်​ဆောင်​ရွက် ရ​မည့်​ဝတ္တ​ရား​ပျက်​ကွက်​ပါ​သည်' ဟု​လျှောက် ဆို​ရ​မည်။-

ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊-

သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။-

နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။

သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။

``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ