Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 4:15

Common Language Bible

သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဂေါ​ရှင်​အ​ရပ်​သို့​ရောက်​လျှင်​သား​က​ဖ​ခင်​အား ပြု​စု​စောင့်​ရှောက်​နိုင်​ပါ​မည်။ အ​စာ​ခေါင်း​ပါး​သည့် နှစ်​ငါးနှစ်​ကျန်​သေး​သ​ဖြင့်​ဖ​ခင်​၏​အိမ်​သူ​အိမ် သား​များ​နှင့်​သိုး၊ ဆိတ်၊ နွား​များ​ပါ​မ​ကျန်​ရိက္ခာ ပြတ်​၍​ဆင်း​ရဲ​ဒုက္ခ​မ​ရောက်​စေ​လို​ပါ'' ဟူ​၍ ဆို​လေ​၏။

ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။

သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။

နော​မိ​သည်​က​လေး​ငယ်​ကို​ယူ​၍​ပိုက်​ချီ လျက်​ထိန်း​လေ​၏။

သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။

အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ