ရုသ 4:10Common Language Bibleထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။