Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 3:12

Common Language Bible

ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။

ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-

နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။

ရု​သ၊ ယ​ခု​သင်​မ​စိုး​ရိမ်​ပါ​နှင့်။ သင်​ပြော သ​မျှ​အ​တိုင်း​ငါ​ပြု​မည်။ သင်​သည်​အ​ကျင့် သီ​လ​ရှိ​သည့်​အ​မျိုး​သ​မီး​တစ်​ဦး​ဖြစ် သည်​ကို​တစ်​မြို့​လုံး​သိ​ကြ​ပါ​သည်။-

သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။

ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-

ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ