Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 2:3

Common Language Bible

သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-

ဂိ​လ​ဂါ​လ​မြို့​တွင်​ဗိ​ခ​ရိ​၏​သား၊ ဗင်္ယာ​မိန် အ​နွယ်​ဝင်၊ ရှေ​ဘ​ဆို​သူ​လူ​ဆိုး​လူ​သွမ်း တစ်​ယောက်​ရှိ​၏။ သူ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​ပြီး လျှင်``ဒါ​ဝိဒ်​ကို​အ​လို​မ​ရှိ။ ငါ​တို့​သူ့​နောက် သို့​မ​လိုက်​လို။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​ငါ​တို့ သည်​အိမ်​သို့​ပြန်​ကြ​ကုန်​အံ့'' ဟု​ဟစ်​အော် ကြွေး​ကြော်​၏။-

သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-

စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။-

ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-

ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။

ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။

အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ