ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
ဆင်းရဲသောတပည့်တော်တို့အားပေးကမ်း ကြလော့။ ဧည့်သည်ဝတ်ကိုပြုကြလော့။
ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-
သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။-